မသိသေးတဲ့ သူငယ်ချင်းတွေအတွက် Rootဖောက်ရခက်နေပါတယ်ဆိုတဲ့ Ace 4 Root ဖောက်နည်းလေးကိုတင်ပေးလိုက်ပါတယ် ကျနော်ကိုယ်တိုင်စမ်းပြီးပါပြီ အဆင်ပြေတဲ့အတွက် သူငယ်ချင်းတွေအတွက် အလွယ်တကူ Root ဖောက်လို့ရအောင် ပြန်လည်တင်ပေးလိုက်ပါတယ် Rootဖောက်နည်းက CWM သွင်းပြီးဖောက်ရမှာဖြစ်တဲ့အတွက် သူငယ်ချင်းတို့ဆီမှာ ကွန်ပြူတာ
ရှိထားဖို့တော့လိုပါတယ်
လိုအပ်တဲ့ဖိုင်တွေကို အောက်မှာဒေါင်းလိုက်ပါ
Update-Supersu Zip >>>Download Here Here
Odin >>>Download Herenload Here
အားလုံးအဆင်သင့်ဖြစ်ရင် CWM သွင်းဖို့အတွက် Odinဖိုင်ကိုဖွင့်လိုက်ပါ ပြီးရင်ဖုန်းကို vol-down+home+powerကိုဖိနှိပ်ပြီး Download Modeဝင်ပါ ပြီးရင်ဖုန်းကို USB ကြိုးထိုးပြီ Computerနဲ့ချိတ်ဆက်ပေးလိုက်ပါ Computerကဖုန်းသိပြီဆိုရင်
PDAဆိုတဲ့ အကွက်လေးကိုနှိပ်ပြီး စောနကဒေါင်းလို့ရလာတဲ့ CWM ဖိုင်ကို Zip ဖြည့်ပြီးရွေးပေးလိုက်ပါ
CWM ဖိုင်ကိုရွေးပြီးရင် Odinဖိုင်းက Start ကိုနှိပ်ပေးလိုက်ပါ ခဏစောင့်နေလိုက် ဖုန်းကပါဝါပိတ်သွားပါလိမ့်မယ်
ပါဝါပြန်ပွင့်လာရင် CWM သွင်းလို့အောင်မြင်ပါပြီ
CWM သွင်းပြီးသွားရင် Root ရရှိဖို့အတွက် Update-SuperSu Zip ကို CWM ကနေ Install ပေးရမှာပါ Update SuperSu Zip ကို Installပေးရမှာ ဖြစ်တဲ့အတွက် အပေါ်မှာဒေါင်းထားတဲ့ Update SuperSu ကို SD(မန်မိုရီ)အလွတ်ထဲကို COPY ကူးထည့်ပြီး SDကိုဖုန်းထဲထည့်ထားလိုက်ပါ ပြီးရင်ဖုန်းကိုပိတ်လိုက်ပါ
CWM ကနေ Install လုပ်မှာဖြစ်တဲ့အတွက် ဖုန်းကိုအရင်ဆုံး CWM Recovery ဝင်ရပါမယ် volup+home+power နှိပ်ပါ cwm recovery တက်လာပါမယ် ဒါဆို စောစောကသွင်းထားတဲ့ super su zip ကို install လုပ်ပေးလိုက်ပါ ပြီးရင်ဖုန်းကို reboot ချပေးလိုက်ပါ ပြန်တက်လာရင် Root ဖောက်လို့ အောင်မြင်ပါပြီ ပုံအတိုင်းကြည့်ပါ
အားလုံးအဆင်ပြေကြပါစေ >>>
No comments:
Post a Comment